နာမည်ကျော် မင်းသား ဂျက်ကီချန်း Jackie Chan
ဂျက်ကီချန်းဟာ ၁၉၅၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် မွေးဖွားခဲ့သူဖြစ်ပြီး ယခု
ဆိုရင်တော့ အသက် ၆၀ ရှိပါပြီ။ နာမည်ကြီး တရုတ်မင်သား တစ်လက်ဖြစ်ရုံသာ
မကဘဲ သီချင်းဆိုလည်း ထူးချွန်သူ တစ်ယောက်ပေါ့။ ဒါ့အပြင် သူဟာ
ရုပ်ရှင်ဇာတ်ညွန်း များကိုလည်း ရေးတဲ့အပြင် ဒါရိုက်တာ အဖြစ်ပါ
လုပ်ဆောင်ကြောင်း သိရပါတယ်။
ဂျက်ကီချန်းဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်ပြီး ရုပ်ရှင်၊ ဇာတ်လမ်း
များကို စီစဉ်တင်ဆက်သူ တစ်ယောက်လည်း ဖြစ်တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် လူရွှင်တော် ပုံစံ ခပ်ပြောင်ပြောင်လည်း နေတတ်သူမို့ ဘက်ပေါင်း
စုံအောင် ထူးချွန်တဲ့ နာမည်ကျော် မင်းသားတစ်ယောက်လို့ ဆိုရမှာ ဖြစ်ပါတယ်။
သူဟာ စွန့်စားတဲ့ ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မူ
များကိုလည်း ရရှိသူ တစ်ယောက်ပါ။ ဇာတ်လမ်းတွေထဲမှာ ဆိုရင် ခပ်ပြောင်ပြောင်
ဒီဇိုင်းလေးများနဲ့ ရိုက်လေ့ရှိလို့ ပရိသတ်တွေလည်း အထူးပင် နှစ်သက်ခဲ့ကြ
ပါတယ်။ သူ့အကြောင်းများကို ယခုထက်ပိုမိုပြီး သိလိုတယ် ဆိုပါက - http://en.wikipedia.org/wiki/Jackie_Chan
မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
Tuesday, November 18, 2014
လိုအပ်ချက်တွေကို အသိဥာဏ်နှင့် ယှဉ်ပြီး ဖြည့်ဆည်းပါ

လူတိုင်း လိုအပ်နေတယ်။ တစ်ခုမဟုတ် တစ်ခုကတော့ သူတို့ ဘဝအတွက်
လိုအပ်နေတယ်။ ဆင်းရဲတဲ့ သူလည်း လိုအပ်နေတယ်။ ချမ်းသာတဲ့ သူတွေလည်း လိုအပ်နေတယ်။ တစ်စုံတစ်ခုကို လိုအပ်ပြီ ဆိုတာနဲ့ စိတ်ဆင်းရဲ ရတော့မယ်။
ထိုလိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်း ရလိမ့်မယ်။ မဖြည့်ဆည်း နိုင်သရွေ့
စိတ်ပျော်ရွှင်ရမှာ မဟုတ်ဘူး။
တကယ်တော့ လောကမှာ ဘာကိုမှ အလိုမရှိသည့်တိုင် ထိုသူဟာ မဆင်းရဲ သေးပါဘူး။ တစ်စုံတစ်ခု အလိုရှိပြီ ဆိုတာနဲ့ စတင်ပြီး ဆင်းရဲတော့တာပါပဲ။ တစ်ခါတစ်လေကြရင် အသိဥာဏ် ကင်းမဲ့စွာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေကြတယ်။ တကယ်
မလိုအပ်တာတွေ ကိုလည်း အရေးတစ်ကြီး လုပ်ပြီး ဖြည့်ဆည်းနေကြတယ်။
အဲဒီတော့ တစ်စုံတစ်ခုကို လိုအပ်ပြီဆိုနဲ့ တကယ်လို မလို အသိဥာဏ်နဲ့ ဆုံးဖြတ် သင့်ပါတယ်။

စီမံခန်.ခွဲနည်းများ
အလုပ်ရှင်တစ်ယောက်အနေနှင့် Department Head တွေ Team Leader တွေကို
အလုပ်ခန့်တဲ့နေရမယ် သက်ဆိုင်ရာ အလုပ်ငန်းများအလိုက် ကိုယ်ထက်
နားလည်တတ်ကျွမ်းတဲ့သူကို ခန့်မလား၊ ကိုယ့်လောက်မသိပဲ ကိုယ်ခိုင်းတာကို
လိုက်လုပ်နိုင်တဲ့ သူကို ခန့်ထားပြီး အသုံးချမလားဆိုတာ အခုထိ
မကွဲပြားနိုင်ကြသေးဘူး။
ဒီကနေ့ အောင်မြင်နေတဲ့ လုပ်ငန်းတွေကို လေ့လာကြည့်လိုက်ရင် သက်ဆိုင်ရာ Trade တွေမှာ ကျွမ်းကျင်သူတွေကို ခန့်ထားပြီး အလုပ်ရှင်က နောက်ကနေပဲ drive လုပ်နေတာကို တွေ့နေရတယ်။ လုပ်ငန်းကြီးတွေမှဆိုလျှင် BOM ကနေ drive လုပ်နေတာကို HR ကဘေးကနေ ပံ့ပိုးပေးနေရတယ်။ အလုပ်ရှင်တစ်ယောက်အနေနှင့် ဒီလို drive လုပ်နေခြင်းဟာ Human Capacity ကို HR နှင့်တွဲပြီး maximum utilize လုပ်နေခြင်းပဲ။ တော်တဲ့ အလုပ်ရှင်တွေလို့ ဆိုရမယ်။
ဒါပေမယ့် တစ်ချို့သော အလုပ်ရှင်များကတော့ Team Leader ကို စခန့်ကတည်းက သိပ်တော်နေရင် ကြည့်မရ၊ လစာတောင်းတာကများလွန်း၊ ကိုယ်ထက်တော်ရင် လိုက်မမှီမှာကြောက်ရွံ့၊ ထိန်းချူပ်လို့မရမှာ စိုးရိမ်၊ ဒီလို သောကတွေနဲ့ ကိုယ်နိုင်စားလို့ရမယ့်သူကိုအလုပ်ခန့်၊ ကိုယ်သိသလောက်ပဲ သူလည်းသိ၊ Innovative ကမရှိ။ ဒီလိုနဲ့ Team Leader ကလည်း အလုပ်ရှင်ခိုင်းမှ အလုပ်လုပ်တတ်၊ အလုပ်ရှင်ကလည်း နေရာတစ်ကာဝင်ပါနေရတာကို သာယာ။
ဒီလိုနဲ့ပဲ organization မှာ development မဖြစ်တော့သလို၊ business မှာ development တွေ နှေးကွေး၊ အလုပ်ရှင်တစ်ယောက်အနေနဲ့ business administration ကိစ္စရပ်တွေမှာပဲ အချိန်တွေကုန်နေကြတော့တာပဲ။ ဒါတွေဟာ တစ်နေ့ စီမံခန့်ခွဲမှုကောင်းသော အလုပ်ရှင်တွေရဲ့ လုပ်ငန်းတွေနှင့် ယှဉ်ပြိုင်တဲ့နေရာမှာ နောက်ကောက်ကျသွားနိုင်တဲ့ အခြေအနေတွေဖြစ်နေပြီး၊ Business ရဲ့ Growth ကိုထိုင်းမှိုင်းသွားစေနိုင်တဲ့ အချက်တွေပါ။

Subscribe to:
Posts (Atom)