အလုပ်ရှင်တစ်ယောက်အနေနှင့် Department Head တွေ Team Leader တွေကို
အလုပ်ခန့်တဲ့နေရမယ် သက်ဆိုင်ရာ အလုပ်ငန်းများအလိုက် ကိုယ်ထက်
နားလည်တတ်ကျွမ်းတဲ့သူကို ခန့်မလား၊ ကိုယ့်လောက်မသိပဲ ကိုယ်ခိုင်းတာကို
လိုက်လုပ်နိုင်တဲ့ သူကို ခန့်ထားပြီး အသုံးချမလားဆိုတာ အခုထိ
မကွဲပြားနိုင်ကြသေးဘူး။
ဒီကနေ့ အောင်မြင်နေတဲ့ လုပ်ငန်းတွေကို
လေ့လာကြည့်လိုက်ရင် သက်ဆိုင်ရာ Trade တွေမှာ ကျွမ်းကျင်သူတွေကို
ခန့်ထားပြီး အလုပ်ရှင်က နောက်ကနေပဲ drive လုပ်နေတာကို တွေ့နေရတယ်။
လုပ်ငန်းကြီးတွေမှဆိုလျှင် BOM ကနေ drive လုပ်နေတာကို
HR ကဘေးကနေ ပံ့ပိုးပေးနေရတယ်။ အလုပ်ရှင်တစ်ယောက်အနေနှင့် ဒီလို drive
လုပ်နေခြင်းဟာ Human Capacity ကို HR နှင့်တွဲပြီး maximum utilize
လုပ်နေခြင်းပဲ။ တော်တဲ့ အလုပ်ရှင်တွေလို့ ဆိုရမယ်။
ဒါပေမယ့် တစ်ချို့သော အလုပ်ရှင်များကတော့ Team Leader ကို စခန့်ကတည်းက
သိပ်တော်နေရင် ကြည့်မရ၊ လစာတောင်းတာကများလွန်း၊ ကိုယ်ထက်တော်ရင်
လိုက်မမှီမှာကြောက်ရွံ့၊ ထိန်းချူပ်လို့မရမှာ စိုးရိမ်၊ ဒီလို သောကတွေနဲ့
ကိုယ်နိုင်စားလို့ရမယ့်သူကိုအလုပ်ခန့်၊ ကိုယ်သိသလောက်ပဲ သူလည်းသိ၊
Innovative ကမရှိ။ ဒီလိုနဲ့ Team Leader ကလည်း အလုပ်ရှင်ခိုင်းမှ
အလုပ်လုပ်တတ်၊ အလုပ်ရှင်ကလည်း နေရာတစ်ကာဝင်ပါနေရတာကို သာယာ။
ဒီလိုနဲ့ပဲ organization မှာ development မဖြစ်တော့သလို၊ business မှာ
development တွေ နှေးကွေး၊ အလုပ်ရှင်တစ်ယောက်အနေနဲ့ business
administration ကိစ္စရပ်တွေမှာပဲ အချိန်တွေကုန်နေကြတော့တာပဲ။ ဒါတွေဟာ တစ်နေ့
စီမံခန့်ခွဲမှုကောင်းသော အလုပ်ရှင်တွေရဲ့ လုပ်ငန်းတွေနှင့်
ယှဉ်ပြိုင်တဲ့နေရာမှာ နောက်ကောက်ကျသွားနိုင်တဲ့ အခြေအနေတွေဖြစ်နေပြီး၊
Business ရဲ့ Growth ကိုထိုင်းမှိုင်းသွားစေနိုင်တဲ့ အချက်တွေပါ။
No comments:
Post a Comment